ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ငါန်းဇွန် ဇွန် ၁၅

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုးကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်းဇုံနယ်မြေအလိုက် ကျေးရွာ များအရောက်ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Phase-9 (ဒုတိယအကြိမ်) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Phase-9 (ဒုတိယအကြိမ်) ဆက်လက်ထိုးနှံပေးရာ ယမန်နေ့နံနက် ၉ နာရီမှစ၍ မြို့မဇုံမှ(၂၅၀)ဦး၊ မြို့သာဇုံမှ(၂၆၉)ဦး၊ ငါန်းမြာဇုံမှ(၉၅)ဦး၊ ခြင်္သေ့လက်ဇုံမှ(၁၆၉)ဦး၊ သားကျင်ဇုံမှ (၁၈၉)ဦး၊ ဂျိုဇုံမှ(၃၀၈)ဦး၊ သံဘိုဇုံမှ(၁၈၆)ဦး၊ ရေလည်သောင်ဇုံမှ(၁၃၅)ဦးနှင့် ကုလားရွာဇုံမှ (၉၉)ဦး စုစုပေါင်း (၁၇၀၀)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ရာ မေ ၉ ရက်နေ့မှ ဇွန် ၁၄ ရက်နေ့အထိ မြို့နယ်အတွင်းဇုံ(၉)ဇုံမှ Phase-9 (ဒုတိယအကြိမ်)တွင် (၆၂၀၄)ဦးထိုးနှံပြီးကြောင်း မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီထံမှ သိရသည်။              

သက်နောင်ဦး(ငါန်းဇွန်)