ကျိုင်းတုံမြို့၌  ကြက်ခြေနီအကြောင်းသိကောင်းစရာများ အသိပညာပေး Talk Show  ဆွေးနွေး ပွဲပြုလုပ်

ကျိုင်းတုံ ဇွန် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌  ကြက်ခြေနီအကြောင်းသိကောင်းစရာအသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမှာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။  

ဆွေးနွေးပွဲတွင် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက ကြက်ခြေနီအကြောင်းသိကောင်းစရာများနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းမြတ်က  မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ရည်ရွယ်ချက်နှင့်လုပ်ငန်းစဉ်များအကြောင်း၊ သဘာဝဘေးကြောင့်ဖြစ်သော ဘေးအန္တရာယ် များ၊ လူကြောင့်ဖြစ်သော ဘေးအန္တရာယ်များ၊ ပဋိပက္ခများကြောင့်ဖြစ်သော ထိခိုက်ခံစားရမှုများ အစရှိသည့် အမျိုးမျိုးသော ဘေးအန္တရာယ်များကြောင့် ထိခိုက်ခံစားရဆုံးသူများအား ကြက်ခြေနီအခြေခံမူများနှင့်အညီ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ကူညီထောက်ပံ့ ဆောင်ရွက် ပေးနေမှုများအကြောင်း၊ လူထုအခြေပြု ကျန်းမာရေးနှင့်ရှေးဦးပြုစုနည်း သင်တန်း၊ ရပ်ရွာလူထု အခြေပြုဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာသင်တန်း စသည့်သင်တန်းများကို လူထုအား သင်ကြားပေးနေမှုများနှင့် ကြက်ခြေနီအကြောင်းသိကောင်းစရာများကို ဆွေးနွေးကြသည်။

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲ အစီအစဉ်အပြည့်အစုံကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် We Love Kyaing Tong Facebook Page တွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)