ကလိန်အောင် ဇွန် ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ပုံတူဆွဲပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် လက်ထောက်-၃ဒေါ်ခင်ခင်လဲ့က ကျောင်းသားကျောင်းသူများ၊ ကလေးလူငယ်လူရွယ်များ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အားလပ်သောအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ပုံတူပန်းချီများဆွဲတက်စေရန်၊ ကာလအသုံးပြုနည်းများ၊ ဉာဏ်ရည်ဉာဏ် သွေးများကောင်းမွန်စေရန်အသိပညာများ တိုးပွားလာစေရန်ရည်ရွယ်၍ ယခုလိုပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်းပြောကြားသည်။
အဆိုပါ ပြိုင်ပွဲတွင် အ-ထ-က၊ ကလိန်အောင်ကျောင်းမှ ကျောင်းသားကျောင်းသူများ ကလေးလူငယ်လူရွယ်များ ပါဝင်ယှဉ်ပြိုင်ကြပြီး ပုံတူဆွဲပြိုင်ပွဲနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲကို မိမိတို့စိတ်ကြိုက်ရုပ်ပုံများကို ဆွဲခဲ့ကြပြီး ကာလအရောင်များခြယ်သ၍ အကောင်းဆုံးပါဝင်ယှဉ်ပြိုင်နိုင်သူများကို အမှတ်တရလက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်ခင်လဲ့(ပြန်/ဆက်)