မိုင်းငေါ့ ဇွန် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ သွားရောက်ဆောင်ရွက်ခဲ့သည်။
ထို့သို့ပြသဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၌ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိလာသော ဆိုးကျိုးများနှင့်ပတ်သက်သည့် အကြောင်းအရာများဖြစ်သော စိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာထိခိုက်မှုနှင့် လူမှုရေးပိုင်းဆိုင်ရာထိခိုက်မှုများ၊ ဆေးလိပ်သောက်သုံးခြင်းကြောင့် ရရှိလာသော ဆိုကျိုးများအကြောင်းကို ကျောင်းသား၊ ကျောင်းသူ လူငယ်/လူရွယ်လေးများ သိရှိနားလည်စေရန်အတွက် မူယစ်ဆေးဝါးအန္တရာယ်တာဆီးကာကွယ်ရေး အသိပညာပေး မှတ်တမ်းပုံများအား နံရံကပ်စာစောင်အဖြစ် ပြသဆောင်ရွက်ထားရှိရာ ကျောင်းသူ၊ ကျောင်းသားများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှု့ခဲ့ကြောင်း သိရပါသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)