သိန္နီ ဇွန် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် စားသု ံးသူများ အစားအသောက်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် စားသုံးသူများ၏ နစ်နာဆုံးရှုံးမှုအခွင့်အရေးဆိုင်ရာများ သိရှိနိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစျေးမုန့်များကို ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူစား သောက်နိုင်ရေးတို့အတွက် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က သိန္နီမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရွှေစင်ခန်းမတွင် ဟောပြောခဲ့သည်။
ဟောပြောပွဲတွင် သိန္နီမြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဒေါ်ဖြိုးသဇင်စိုးက အစား အသောက်များတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲခွင့်၊ မှန်ကန်ပြည့်စုံသော သတင်းအချက် အလက်များရရှိခွင့်၊ စိတ်ကြိုက်ရွေးချယ်ခွင့်၊ အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှု ရရှိခွင့်၊ နစ်နာဆုံးရှုံးမှုများကို တိုင်ကြားခွင့်၊ ပါဝင်နာကြားခွင့်၊ ကျန်းမာဝပြောသည့် ပတ်ဝန်းကျင် ကောင်းတွင်ရှင်သန်နေထိုင်ခွင့်၊ စားသုံးသူအခွင့်အရေးနှင့်ပတ်သက်သော အသိပညာများ သိရှိလေ့လာခွင့် စသည့်စားသုံးသူများသိရှိရမည့် အချက် (၈)ချက်ကို ဆွေးနွေးဟောပြောခဲ့သည်။ အဆိုပါဟောပြောပွဲသို့ သိန္နီမြို့၊ အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ/ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းမုန့်ဆိုင်များ၌ ရောင်းချသည့်မုန့်များတွင် ကလေးငယ်များစားသုံးရန်မသင့်သည့် အစားအသောက်များ ရောင်းချမှု ရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
စောဥမ္မာ (သိန္နီ)