ပလောက်မြို့စာစစ်ဌာန(၁)ခု၌ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်
Jun 17,2022
၂၀၂၂ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှစ၍ ကျင်းပခဲ့သည့်၂၀၂၂ခုနှစ်၊တက္ကသိုလ်ဝင် စာမေးပွဲအောင် စာရင်းများကို ယနေ့နံနက် ၆ နာရီအချိန်မှစ၍ တစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် ထုတ်ပြန်ကြေညာသကဲ့သို့ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်းသင်ပုန်းတွင် ကပ်ထားကြေညာပေးထားရာ ကျောင်းသား/သူများ၊ မိဘအုပ်ထိန်းသူများ လာရောက်ကြည့်ရှုသူများပြားကြောင်း သိရသည်။