ပလောက်မြို့စာစစ်ဌာန(၁)ခု၌ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်

ပလောက်  ဇွန်  ၁၇

၂၀၂၂ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှစ၍ ကျင်းပခဲ့သည့်၂၀၂၂ခုနှစ်၊တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၆ နာရီအချိန်မှစ၍ တစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် ထုတ်ပြန်ကြေညာသကဲ့သို့ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်းသင်ပုန်းတွင် ကပ်ထားကြေညာပေးထားရာ ကျောင်းသား/သူများ၊ မိဘအုပ်ထိန်းသူများ လာရောက်ကြည့်ရှုသူများပြားကြောင်း သိရသည်။

ပလောက်မြို့ စာစစ်ဌာနတွင်(အတွင်းဖြေနှင့်ပြင်ပဖြေ)တွင် ကျောင်းသား/ကျောင်းသူ(၁၀၇)ဦး ဖြေဆိုကြရာ (၅၃)ဦး အောင်မြင်ကြသဖြင့် အောင်ချက်ရာခိုင်နှုန်းမှာ(၄၉.၅၃) ရာခိုင်နှုန်းဖြစ်ကြောင်းနှင့်(၂)ဘာသာဂုဏ်ထူးရှင် (၂)ဦး၊ တစ်ဘာသာဂုဏ်ထုးရှင် (၁၁) ဦးနှင့် ရိုးရိုးအောင်မြင်သူ(၄၀) ဦးရှိကြောင်းပညာရေးဌာန သိရသည်။

အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ကပ်ထားကြေညာထားရှိရာ၌ မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှခေတ္တမြို့ အုပ်ချုပ်ရေးမှူးဦးခင်မောင်စိုး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်စီနှင့် ဆရာ/မများ၊ ရပ်ကွက်/အုပ်ချုပ်ရေးမှူးများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းကော်မတီအဖွဲ့များက လုံခြုံရေးစောင့်ကြပ်ပေးလျက်ရှိကြောင်း သိရသည်။

နှင်းမြူလွင်(ပလောက်)