မိုးနဲမြို့နယ်  လူထုအခြေပြုဗဟိုဌာန (Community Center)  ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပ

မိုးနဲ ဇွန် ၁၇

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်အကြိုအဖြစ် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   ဦးစီးအရာရှိ ဦးမျိုးညွန့် ရွှေက မူးယစ်ဆေးဝါးသည်နေရာဒေသတိုင်းမှာရောက်ရှိနေပြီး ရုပ်ပိုင်ဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ၊ လူမှုရေးဆိုင်ရာများတွင် ဆိုးကျိုးကိုသာပေးသည့်အတွက် အသိ၊ သတိ ရှိဖို့လိုအပ်‌ ကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ကို ကျောင်းသား/ကျောင်းသူလူငယ်များသိရှိပြီး မူးယစ် ဆေးဝါးအန္တရာယ်ဆိုးကျိုးများကို ငယ်စဉ်ကပင်နားလည် သိမြင်ပြီး ရှောင်ရှားတတ်စေရေး၊  ကျောင်းသား/ကျောင်းသူများအနေဖြင့် အားလပ်ချိန်များတွင် မိမိအတွက် ဗဟုသုတ ရရှိစေမည့် စာအုပ်စာပေများကိုသာ လေ့လာဖတ်ရှုမှတ်သားကြရန် ဆွေးနွေး ဟောပြောခဲ့‌ သည်။

ဆက်လက်၍ ဒုတိယဦးစီးမှုး ဒေါ်နန်းမွန်းဆိုင်က မူးယစ်ဆေးဝါးသုံးစွဲလာရခြင်း အကြောင်း အရင်း၊ မူးယစ်ဆေးဝါးသုံးစွဲလျင် ဖြစ်တတ်သောအန္တရာယ်နှင့်လက္ခဏာများ၊ မူးယစ်ဆေးဝါး သုံးစွဲသူများတွင် တွေ့ရသောအမူအကျင့်နှင့်အလေ့အထများနှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်း အဆင့်ဆင့်ကို ဟောပြော‌‌ဆွေး‌နွေးခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူလူငယ်များက မူးယစ်ဆေးဝါးအန္တရာယ် နှင့်စပ်လျဥ်း၍ သိရှိလိုသည်များကိုမေးမြန်းကြရာ မြို့နယ်ဦးစီး‌မှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသော ကျောင်းသား/ကျောင်းသူ ၂၁ ဦးက ရုံးရှေ့မြေစိုက်နံရံ ကပ်ပြဘုတ်တွင် ချိတ်ဆွဲပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး ပညာပေးမှတ်တမ်းများအား စိတ်ဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)