မြန်အောင် ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးရရှိသူ (၄)ဦးရှိပြီး မြို့နယ်အဆင့် အောင်ချက်ရာနှုန်း(၅၇.၇၄%) ရှိကြောင်း သိရှိရသည်။
မြန်အောင်မြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၂၀)ခုတွင် ဝင်ရောက် ဖြေဆိုသူ ကျား (၃၃၇)ဦး၊၊ မ(၅၇၄)ဦး၊ စုစုပေါင်း(၉၁၁)ဦး ရှိရာ အောင်မြင်သူဦးရေ ကျား (၁၇၆)ဦး၊၊ မ (၃၅၀)ဦး၊ စုစုပေါင်း(၅၂၆)ဦးရှိပြီး မြို့နယ်အဆင့် အောင်ချက်ရာနှုန်း(၅၇.၇၄%) ရှိကြောင်း သိရှိရသည်။ မြန်အောင်မြို့နယ်မှ (၆)ဘာသာဂုဏ်ထူး ရရှိသူ(၄)ဦး၊ (၅)ဘာသာဂုဏ်ထူးရရှိသူ (၄)ဦး၊ (၄)ဘာသာဂုဏ်ထူးရရှိသူ(၁၆)ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ(၈၅)ဦး၊ (၂)ဘာသာဂုဏ်ထူးရရှိသူ (၇၁) ဦး၊ (၁)ဘာသာဂုဏ်ထူးရရှိသူ(၁၅၂)ဦးရှိပြီး ဘာသာရပ်အလိုက် ဂုဏ်ထူးရရှိသူ မြန်မာစာ (၃၈)ဦး၊ အင်္ဂလိပ်စာ(၇)ဦး၊ သင်္ချာ(၉)ဦး၊ ဓါတုဗေဒ (၂၃)ဦး၊ ရူပဗေဒ(၃၁)ဦး၊ ဇီဝဗေဒ(၅၀)ဦး၊ ပထဝီ(၁၅၀)ဦး၊ သမိုင်း (၁၅၇)ဦး၊ ဘောဂဗေဒ (၁၉၂)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)