ရွှေပြည်သာ ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၉ ရက် နေ့ထိပြုလုပ်ခဲ့သည့် တက္ကသိုလ်၀င်ခွင့် စာမေးပွဲအောင်စာရင်းများကို ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာစာစစ်ဌာန (၃) ခုတွင် ထုတ်ပြန် ပေးထားလျက်ရှိကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း (၉) ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၁ဝ) ကျောင်း၊ စုစုပေါင်း (၁၉) ကျောင်းတို့တွင် အတွင်းဖြေဆိုသူ (၉၆၃) ဦးတွင် အောင်မြင်သူ (၄၂၆) ဦး၊ အပြင်ဖြေဆိုသူ ( ၅၀၃ ) ဦးတွင် အောင်မြင်သူ ( ၂၁၇ )ဦး ၊ စုစုပေါင်း ဖြေဆိုသူ (၁၄၆၆) ဦးရှိပြီး အောင်မြင်သူ (၆၄၃) ဦး၊ အတွဲ(၁)တွင် ဖြေဆိုသူ (၈၇၅) ဦး၊အောင်မြင်သူ (၃၁၃) ဦး၊အတွဲ (၂)တွင် ဖြေဆိုသူ (၇၇)ဦး၊ အောင်မြင်သူ (၁၅)ဦး၊ အတွဲ(၇)တွင် ဖြေဆိုသူ (၅၁၄) ဦး၊ အောင်မြင်သူ (၃၁၅) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရွှေပြည်သာမြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုသူပေါင်း (၁၄၆၆) ဦးရှိပြီး အောင်မြင်သူ (၆၄၃) ဦးရှိကြောင်း တစ်မြို့နယ်လုံး အောင်မြင်မှုရာခိုင်နှုန်းအနေဖြင့် (၄၃.၈၆) ရာခိုင်နှုန်း အောင်မြင်ကြောင်း ခြောက်ဘာသာ (၁) ဦး၊ ငါးဘာသာ (၉) ဦး၊ လေးဘာသာ (၉) ဦး၊ သုံးဘာသာ (၂၀) ဦး၊ နှစ်ဘာသာ (၃၇) ဦး၊ တစ်ဘာသာ (၁၆၀) ဦး စုစုပေါင်းဂုဏ်ထူးဖြင့် အောင်မြင်သူ (၂၂၆) ဦးရှိကြောင်း သိရသည်။
အေးမိုး(ပြန်/ဆက်)