အမရပူရ ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အမရပူရမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် စာစစ်ဌာန (၄) ခုမှ ဝင်ရောက်ဖြေဆိုသူ (၇၁၂) ဦးရှိကာ အောင်မြင်သူ (၃၀၇) ဦး ရှိ၍ ရာခိုင်နှုန်းအားဖြင့် ၄၃.၁၂% ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အမရပူရမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် (၆) နာရီ၌ သက်ဆိုင်ရာစာစစ်ဌာနအသီးသီးတွင် ထုတ်ပြန်ထားပေးရာ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများက လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
အမရပူရမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန(၄)ခုမှ ဖြေဆိုသူ စာရင်းရှိ(၈၃၀)ဦး၊ ဝင်ရောက်ဖြေဆိုသူ(၇၁၂)ဦး၊ အောင်မြင်သူ(၃၀၇)ဦးရှိကာ (၅) ဘာသာ ဂုဏ်ထူးရှင် (၁) ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၃) ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၁၁)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၆၃)ဦးနှင့် ရိုးရိုးအောင်မြင်သူ (၂၂၆) ဦး ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)