ကျွန်းစု ဇွန် ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူဦးရေ စာရင်းရှိ (၅၅၄) ဦးရှိပြီး ဖြေဆိုသူ (၅၂၀) ဦးရှိကြောင်း သိရသည်။
ကျွန်းစုမြို့နယ်အတွင်းရှိ စာစစ်ဌာန (၅)ခုတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူဦးရေမှာ (၂၁၀)ဦးရှိပြီး ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူဦးရေ (၈၅)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သို့ပါ၍ မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခုမှ တစ်မြို့နယ်လုံးချုပ်အဖြစ် (၅၂၀)ဦး ဖြေဆိုရာ(၂၁၀)ဦးအောင်မြင်သဖြင့် တစ်မြို့နယ်လုံး၏ အောင်ချက်ရာနှုန်းမှာ (၄၀.၃၈%)ဖြစ်ပြီး (၁)ဘာသာဂုဏ်ထူးရှင်(၅၉)၊ (၂)ဘာသာဂုဏ်ထူးရှင်(၁၇)ဦး၊(၃)ဘာသာဂုဏ်ထူးရှင် (၈)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၁)ဦးနှင့် ရိုးရိုးအောင်မြင်သူ(၁၂၅)ဦး၊ မြန်မာစာဘာသာဖြင့် (၉)ဦး၊ သင်္ချာဘာသာ (၁)ဦး၊ ဓာတုဗေဒဘာသာ(၂)ဦး၊ ရူပဗေဒ(၃)ဦး၊ ဇီဝဗေဒဘာသာ(၁၃)ဦး၊ ပထဝီဘာသာ(၁၈)ဦး၊ သမိုင်းဘာသာ(၂၅) ဦး၊ ဘောဂဗေဒဘာသာ (၅၄)ဦး၊ စုစုပေါင်းဂုဏ်ထူးဖြင့် အောင်မြင်သူ(၈၅)ဦးရှိကြောင်း၊တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခုနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ တွင် ကပ်ထားကြေငြာထားရှိပြီဖြစ်ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)