ကျောက်ဖြူမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ဘာသာစုံ ဂုဏ်ထူးရှင် နှစ်ဦးထွက်ရှိပြီး ၄၆.၅၄ ရာခိုင်နှုန်းအထိအောင်မြင်မှုရှိ

ကျောက်ဖြူ ဇွန် ၁၇

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများစာရင်းအား မြန်မာနိုင်ငံ တစ်ဝှမ်းရှိ သက်ဆိုင်ရာမြို့နယ်အသီးသီး၏ မြို့နယ် ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ယနေ့ နံနက်(၆) အချိန်မှစတင်၍ ထုတ်ပြန်လျက်ရှိရာ ကျောက်ဖြူမြို့နယ်၌ အဆိုပါ တက္ကသိုလ်ဝင်တန်း အောင်စာရင်းအား ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းသားမိဘများက လာရောက်ကြည့်ရှုလျက်ရှိသည်။

တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ စာရင်းလာရောက်ကြည့်ရှုသူများ စိတ်အေးချမ်းသာစွာ ကြည့်ရှုနိုင်စေရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာ များက ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ကျောက်ဖြူမြို့နယ်ရှိ စာစစ်ဌာန (၁၂) ခုတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၃၄၂၃ ဦးရှိကာ အောင်မြင်သူ ၁၅၉၃ ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းမှာ ၄၆.၅၄% ရာခိုင်နှုန်းရှိသည်။ ယင်းအပြင် ဘာသာစုံ ဂုဏ်ထူးရှင်နှစ်ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၁၀ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၁၅ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၆၃ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၈၀ ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် ၃၈၆ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း