မြောင်းမြမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးရှင် ​၂ ယောက် ထွက်ရှိပြီး အောင်မြင်သူ (၅၁.၅၇) ရာခိုင်နှုန်းရှိ

မြောင်းမြ ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် စာစစ်ဌာန ၁၁ ခုမှ ဝင်ရောက်ဖြေဆိုသူ (၁၉၀၆) ဦးရှိရာ အောင်မြင်သူ (၉၈၃)ဦးရှိ၍ ရာခိုင်နှုန်းအားဖြင့် (၅၁.၅၇) ရာခိုင်နှုန်း အောင်မြင်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

မြောင်းမြမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်  အောင်မြင်သူ (၉၈၃) ဦးမှ ဘာသာစုံဂုဏ်ထူးရှင် (၂) ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၁၄)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၆၄)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၇၀)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် ၃၀၂ ဦး ရှိပြီး၊ ရိုးရိုးအောင်မြင်သူ (၅၂၈)ဦး ရှိကြောင်း သိရသည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် (၆)နာရီ၌ သက်ဆိုင်ရာ စာစစ်ဌာန အသီးသီးတွင် ထုတ်ပြန်ထားပေးရာ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများက လာရောက်ကြည့်ရှုလျက်ရှိကြောင်းသိရသည်။

မြောင်းမြ (ခရိုင်ပြန်ဆက်)