ပိုင်ကျုံ ဇွန်လ ၁၇
၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့ ဇွန်လ(၁၇)ရက်နေ့၌ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထုတ်ပြန်ကြေညာခဲ့ရာ ကရင်ပြည် နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စာစစ်ဌာန အသီးသီးတွင် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ပိုင်ကျံမြို့နယ်အတွင်းရှိ ပိုင်ကျုံအ.ထ.ကကျောင်းစာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ (၁၁၉) ဦးရှိပြီး အောင်မြင်သူ(၄၉)ဦးရှိကြောင်း၊ ပိုင်ကျုံ အ.ထ.က ကျောင်း စာစစ်ဌာနအနေဖြင့်( ၄ )ဘာသာ ဂုဏ်ထူးရှင်(၁)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၁)ဦး နှင့်(၁)ဘာသာဂုတ်ထူးရှင်(၇)ဦးရှိကြောင်း၊ ဒေါ်လန်း အ.ထ.က ကျောင်းစာစစ်ဌာနတွင်( ၅၇) ဝင်ရောက်ဖြေဆိုပြီး (၁၈)ဦးအောင်မြင်ကာ(၁)ဘာသာဂုဏ်ထူးရှင်( ၄)ဦး ရှိကြောင်း၊ ပိုင်ကျုံမြို့နယ်အနေဖြင့် စာစစ်ဌာန(၂)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲကို (၁၇၆)ဦး ဝင်ရောက် ဖြေဆိုရာ (၆၇)ဦးအောင်မြင်ကာ ရာခိုင်နှုန်းအားဖြင့် ၃၄.၀၁%ရှိသည်ဟု သိရသည်။
နော်ခူး(ပြန်/ဆက်)