အမာမြို့တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ (၇၅)ဦးရှိ၍ အောင်ချက် (၅၂.၄၄)ရာခိုင်နှုန်းရှိ

အမာ ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ (၁၄၃)ဦးရှိပြီး အောင်မြင်သူ (၇၅)ဦးရှိသဖြင့် (၅၂.၄၄)ရာခိုင်နှုန်းရှိကြောင်း သိရသည်။

အမာမြို့တွင် ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့ နံနက် (၆)နာရီ၌ အမာမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ထုတ်ပြန်ကြေညာ ပေးထားကြောင်း သိရသည်။

အမာမြို့၊ အထက(အမာ)စာစစ်ဌာနတွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် စာရင်းရှိ (၁၅၅)ဦး၊ ဝင်ရောက်ဖြေဆိုသူ (၁၄၃)ဦး၊ အောင်မြင်သူ (၇၅)ဦးရှိပြီး (၄)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၅)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၁၂)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၁၉)ဦးနှင့် ရိုးရိုးအောင်မြင်သူ (၃၈)ဦးရှိကြောင်း သိရသည်။

နော်လေးလီယန်(ပြန်/ဆက်)