အထက်မင်းလှ ဇွန် ၁၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း၊ ထောက်ရှာပင်-ထန်းကိုင်း-ရေနံမရေနံမြေ၊ ထန်းကိုင်း-ဒဟတ်ပင်-မင်းတဲကြီးရေနံဒေသ၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် လူမှုရေးတာဝန်သိမှု (CSR) လုပ်ငန်း လျာထား ဆောင်ရွက်ရန် ဆွေးနွေးပွဲကို ယမန်နေ့နေ့လယ်(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း ထောက်ရှာပင်-ထန်းကိုင်း-ရေနံမရေနံမြေ အထွေထွေမန်နေဂျာ GM ဦးကျော်မင်းနိုင်က ထန်းကိုင်း-ဒဟတ်ပင်-မင်းတဲကြီး-ရေနံဒေသ၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လူမှုရေးတာဝန်သိမှု (CSR) လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာသည့်သူများက ထန်းကိုင်း-ဒဟတ်ပင်-မင်းတဲကြီး- ရေနံဒေသ၌ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် လူမှုရေးတာဝန်သိမှု (CSR) လုပ်ငန်းလျာထား သတ်မှတ်ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း ထောက်ရှာပင်-ထန်းကိုင်း-ရေနံမရေနံမြေ အထွေထွေ မန်နေဂျာ GM ဦးကျော်မင်းနိုင်နှင့် ဝန်ထမ်းများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)