ငပုတောမြို့နယ်၌ မိုးရာသီကောက်စိုက်စက်ဖြင့် စံပြကွက်စိုက်ပျိုးခြင်း သရုပ်ပြ
Jun 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် သက္ကယ်ချောင်းကျေးရွာအုပ်စု၊ သက္ကယ်ချောင်းကျေးရွာ၌ အမှတ်(၅၁) စက်မှုလယ်ယာစခန်း၊ ပုသိမ်မြို့မှ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးသရုပ်ပြပွဲကို ဇွန်လ ၂၈ ရက်နေ့ နံနက် ၉ နာရီအချိန်က သက္ကယ်ချောင်းကျေးရွာ ကွင်းအမှတ် ၁၃၆၆ (ဘီ)ဦးပိုင်အမှတ် (၇/၇) တောင်သူ ဦးအေးငွေ၏ လယ်မြေတွင် သရုပ်ပြစိုက်ပျိုးခဲ့သည်။