မှော်ဘီ ဇွန် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော အားကစားဆိုင်ရာအသိပညာပေးဟောပြောပွဲ၊ သရုပ်ပြပွဲနှင့်ပစ္စည်းလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မှော်ဘီမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်ဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူးဦးသိန်းလင်းအောင်က အခမ်းအနားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့်အားကစားဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။
ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူးဦးသိန်းလင်းအောင်က အားကစားနှင့်ပတ်သတ်သည့်ပစ္စည်းများအား အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဝင်းထံ ပေးအပ်လှူဒါန်းခဲ့ပြီး အေရိုးဗစ်အားကစားနည်းဖြင့် သရုပ်ပြခြင်း၊ Myanmar Fitness Dance ဖြင့် သရုပ်ပြခဲ့ကြောင်း သိရသည်။
ဝင်းဇော် (ပြန်/ဆက်)