သတင်းများ

ရသေ့တောင်မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာန၌ ပင်လယ်ပြင် ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင် ကျွမ်းကျင်မှု သင်တန်း ဖွင့်လှစ်
Jun 27,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ ပင်လယ်ပြင် ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်းကို ငါးလုပ်ငန်းဦးစီးဌာ၊ အစည်းအဝေးခန်းမ၌ ငါးလုပ်ငန်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပ ပြုလုပ်သည်။
မုဒုံမြို့နယ် ကျောက်တလုံးကျေးရွာအနီးတွင် ခရီးသည်တင် ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွား
Jun 27,2022
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နိုင်းပြိုင်ကျေးရွာနှင့် ကျောက်တလုံးကျေးရွာအနီး မော်လမြိုင် - သံဖြူဇရပ် ကားလမ်း၊ မိုင်တိုင်အမှတ် - ၁၃ / ၂ နှင့် ၁၃ / ၃ ကြား၊ တံတားအမှတ် ၂/၁၄ တွင် ယမန်နေ့ည ၈ နာရီ ၄၅ မိနစ်အချိန်ခန့်က ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ ဒီရေတောသစ်ပင်များ စိုက်ပျိုးရခြင်းအကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ
Jun 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ပြည်သူများ အဖိုးတန်ဒီရေတောများ၏ အရေးပါပုံကိုသိရှိပြီး ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်နှင့် ဒီရေတောနှင့် ပတ်သက်သော အသိပညာ ဗဟုသုတရစေရန်အတွက် ဇွန်လ ၂၅ ရက်နေ့ နံနက် (၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဒီရေတောသစ်ပင်များ စိုက်ပျိုးရခြင်းအကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို ကျင်းပပြုလုပ်သည်။
ကျောင်းသား၊ ကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး ဆွေးနွေး
Jun 27,2022
ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်မှ ကျောင်းသား၊ ကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ အ.ထ.က(ကျုံမငေး)ကျောင်းတွင် ယနေ့ နေ့လယ် ၁၂ နာရီအချိန်တွင် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
လားရှိုးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Jun 27,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးတက္ကသိုလ်၊ မိုးလုံလေလုံအားကစားရုံ၌ ယနေ့နံနက် (၈)နာရီ အချိန်က လားရှိုးတက္ကသိုလ် ဘာသာရပ် ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
တာမွေမြို့နယ်တွင် စျေးကားဖြင့် ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာ လိုက်လံရောင်းချ
Jun 27,2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ဆန်၊ ဆီနှင့် သန့်ရှင်းလတ်ဆတ်သော စားသောက်ကုန်ပစ္စည်းများအား ၎င်းတို့နေထိုင်ရာ ရပ်ကွက်များအတွင်း စျေးနှုန်းချိုသာစွာ ဝယ်ယူရရှိစားသုံးနိုင်စေရေးအတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု၊ လက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ကြီးမှူး၍ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် ကျောက်မြောင်းကြီးရပ်ကွက်ရှိ ကျောက်မြောင်းလမ်းတွင် ဆန်၊ ဆီနှင့် သန့်ရှင်းလတ်ဆတ်သော စားသောက်ကုန်ပစ္စည်းများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စျေးကားများဖြင့် (Mobile Market) ဖွင့်လှစ်၍ စျေးနှုန်းချိုသာစွာ ရပ်ကွက်များအတွင်း လိုက်လံရောင်းချပေးခဲ့ကြသည်။
လှိုင်မြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး
Jun 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် ကျောင်းသား/သူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရန် အသက် ၅ နှစ်မှ ၁၂နှစ်အတွင်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးပထမအကြိမ်ကို ယနေ့က PLETC ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မုန်တိုင်း ကြိုတင် သတိပေးချက်သုံး အရောင်သင်္ကေတများအား ပြည်သူများ သိရှိစေရန် ဆိုင်းဘုတ် စိုက်ထူ
Jun 27,2022
မွန်ပြည်နယ် မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနနှင့် ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်း ကြိုတင်သတိပေးချက်သုံး အရောင်သင်္ကေတများအား ပြည်သူများသိရှိစေရန် ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့၌ ကျင်းပ ပြုလုပ်ခဲ့သည်။