ပိုင်ကျုံ ဇွန်လ ၂၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူများ၊ ဆရာ/မများ ကျန်းမာရေးနှင့်အညီ သန့်ရှင်းသည့် သောက်သုံးရေ လုံလောက်စွာရရှိရေးအတွက် ဇွန်လပထမအပတ်တွင် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူ စုစုပေါင်း (၃၇၅) ဦး တက်ရောက်ပညာသင်ကြားလျက်ရှိပြီး နွေရာသီရေရှားပါးသည့် ကာလအတွင်း ကျောင်းသား/သူများ၊ ဆရာ/မများနှင့် ဆရာ/မများအား ကျန်းမာကြံ့ခိုင်ပြီး စိတ်အေးချမ်း သာစွာ ပညာသင်ကြားနိုင်ရေးနှင့် ကြည်လင်ပြီး သန့်ရှင်းသောသောက်သုံးရေ လုံလောက်စွာရရှိရန်ရည်ရွယ်ပြီး စက်ရေတွင်း တူးဖော်ဆောင်ရွက်ပေး လျက်ရှိကြောင်း ကျောင်းအကျိုးတော်ဆောင်တစ်ဦးထံမှ သိရသည်။
အဆိုပါစက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းကို ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဦးဆောင်မှုဖြင့် ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် အလှူရှင်များ စုပေါင်းပါဝင်လှူဒါန်းငွေကျပ် (၂.၂) သန်းဖြင့် တူးဖော်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
နော်ခူး (ပြန်/ဆက်)