သာကေတမြို့နယ်ရှိ အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား  ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး (ပထမအကြိမ်) ဆက်လက် ထိုးနှံ ဆောင်ရွက်

သာကေတ ဇွန် ၂၈

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ   ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကင်းဝေး၍ ပညာသင်ကြားနိုင်ရေးအတွက် အသက် (၅)နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် Phase12 (Sinopharm)  ထိုးနှံခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူ (၇၉၆၀)ဦးအား ထိုးနှံပြီးစီးခဲ့ကြောင်း သိရှိရသည်။

သာကေတမြို့နယ်၌ ကျောင်းအ‌ခြေပြုအသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် Phase-12 (Sinopharm) အား ဆက်လက် ထိုးနှံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉:၀၀)နာရီမှ ညနေ (၂:၀၀) နာရီအထိ ၃/ရန်ပြေ ရပ်ကွက်ရှိ အမှတ် (၄၃) အခြေခံပညာမူလတန်းကျောင်း၊ စက်မှုလက်မှုရပ်ကွက်ရှိ အမှတ် (၁၆)အခြေခံပညာမူလတန်းကျောင်း၊ ၄/မြောက်ရပ်ကွက်ရှိ အမှတ်(၁၅)အခြေခံပညာမူလတန်းကျောင်း၊ ၂/တောင်ရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းများရှိ ကာကွယ်ဆေးထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ (၂၅၈) ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင် လမ်းညွှန်စီမံမှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနတို့မှ ပူးပေါင်းကာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ပရဟိတလူမှုကူညီရေးအသင်း၊ ကျောင်းကော်မတီဝင်များမှ ဆေးထိုးနှံမည့်ကျောင်းသား၊ ကျောင်းသူများအား အပူချိန်တိုင်းခြင်း၊ ဖျားနာခြင်းရှိ၊ မရှိ၊ ကာကွယ်ဆေးများ ထိုးနှံထားခြင်းရှိ၊ မရှိ၊ စနစ်တကျ စစ်ဆေးပြီး ဆေးထိုးအဖွဲ့ (၂) ဖွဲ့ဖြင့် ကာကွယ်ဆေးထိုးနှံဆောင်ရွက်ခဲ့ပြီး အခြေခံပညာမူလတန်းကျောင်း (၄၆)ကျောင်း၊ အလယ်တန်းကျောင်း (၆)ကျောင်း၊ အထက်တန်း (၆)ကျောင်း​၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၇)ကျောင်း၊ ပုဂ္ဂလိကပညာရေးကျောင်း (၈)ကျောင်းရှိ အသက်(၅)နှစ်မှ (၁၂)နှစ် အတွင်းရှိ ကျောင်းသား၊  ကျောင်းသူများနှင့် အသက် (၁၂) နှစ်မှ (၁၈) နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံ ဆောင်ရွက် သွားမည်ဖြစ်သည်။

ဆောင်းနှင်းဖြူ (ပြန်ဆက်)