သတင်းများ

ဆွမ်ပရာဘွမ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ စာအုပ်စာစောင် ခင်းကျင်းပြသ
Jun 28,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ကျောင်းသား၊ ကျောင်းသူများနှင့် ပူးပေါင်းကာ စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းလုပ်ငန်းကို ယနေ့နေ့လည် ၁၂နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
မတ္တရာမြို့နယ်၌ စားသုံးဆီ တစ်ပိဿာလျှင် ၆၂၀၀ကျပ်နှုန်းဖြင့် ၁၁၀၀ ပိဿာ ရောင်းချပေး
Jun 28,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် အခြေခံစားသောက် ကုန်ဖြစ်သော စားသုံးဆီ ပိဿာ(၁၁၀၀)ကို  တစ်ပိဿာလျှင် ၆၂၀၀ကျပ်ဖြင့် ယနေ့နံနက်ပိုင်းက မြို့မဈေး အရှေ့ဘက်ရှိ ဦးကျော်ဇော ကုန်စုံဆိုင်မှ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
လောင်းလုံးမြို့နယ်တွင် တိရစ္ဆာန်များ အစားအစာဖူလုံမှုရရှိ​စေရေးအတွက် နေဗီယာမြက် ၀.၁၃ ဧက စိုက်ပျိုးထားရှိ
Jun 28,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနမှ ၂၀၂၂ ခုနှစ်၊ မိုးရာသီတွင် တိရစ္ဆာန်များ အစားအစာဖူလုံမှုရရှိ​စေရေးအတွက် နေဗီယာမြက်ပင် ၀.၁၃ဧက အား စိုက်ပျိုးထားသောစိုက်ခင်းသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရသည်။
ရွှေတောင်မြို့နယ်၌ ဆီထွက်သီးနှံမိုးနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Jun 28,2022
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ တောင်သူများ၏လယ်ယာမြေများအတွင်း စိုက်ပျိုးထားရှိသော ဆီထွက်သီးနှံမိုးနှမ်းများ‌ အောင်မြင်ဖြစ်ထွန်း‌ ကြောင်း ဒေသခံတောင်သူများထံမှသိရသည်။‌ တောင်သူများအ‌နေဖြင့် ဆီထွက်သီးနှံ မိုးနှမ်းအပြင် မြေပဲနှင့်နေကြာကိုလည်း သီးသန့်စိုက်ခင်းများဖြင့်လည်း စိုက်ပျိုးထား ရှိကြောင်း သိရသည်။
ငပုတောမြို့၌ လယ်ယာမြေစီမံ ခန့်ခွဲမှု့အဖွဲ့နှင့်လမ်းမကြီးများဘေး တရားမဝင်ကျူးကျော် ဝင်ရောက်နေထိုင်သူများ တွေ့ဆုံ
Jun 28,2022
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု့ အဖွဲ့နှင့် လမ်းမကြီးများဘေး တရားမဝင်ကျူးကျော်ဝင်ရောက် နေထိုင်သူများ တွေ့ဆုံပွဲကို ယမန်နေ့က မြို့နယ်အထွေ​ထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် (၁)ဗိုလ်မှုး ဖြိုးသူရ​ကျော်၊ အဖွဲ့ဝင် (၂) ဦးသန်းဦးတို့တက်ရောက်ခဲ့ကြသည်။
မက်မန်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားကျင်းပ
Jun 28,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားကို
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် Fitness Dance သင်တန်းဖွင့်လှစ်
Jun 28,2022
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ Fitness Dance သင်တန်းကို ယနေ့နံနက်(၁၀)နာရီတွင် လူထုအခြေပြုဗဟိုဌာနသင်တန်းခန်းမ၌ စတင်ဖွင့်လှစ်သည်။
ဖောင်ကြီး အ‌ရှေ့ကျေးရွာအုပ်စု ပန်းတောကုန်းကျေးရွာတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ပေး
Jun 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၊ ဖောင်ကြီးအရှေ့ ကျေးရွာအုပ်စု၊ ပန်းတောကုန်းကျေးရွာတွင် မိုးရာသီတွင် အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊စစ် လုပ်ငန်းများကို ယနေ့ နံနက်(၈) နာရီက ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များတို့က ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။