မိတ္ထီလာ၌ လောကရတနာစာကြည့်တိုက် (၃)နှစ်ပြည့်နှစ်ပတ်လည်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲကျင်းပ

မိတ္ထီလာ ဇွန် ၂၈

မိတ္ထီလာ၌ လောကရတနာစာကြည့်တိုက်တည်ထောင်ဖွင့်လှစ်သော (၃) နှစ်ပြည့်နှစ်ပတ်နေ့အထိမ်း အမှတ်စာပေဟောပြောပွဲကို ယမန်နေ့ညနေ ၃ နာရီအချိန်က  ပြည်သာယာ(မ)ရပ်ကွက် ရတနာဦးကျောင်းတိုက်တွင်ရှိသော အဆိုပါစာကြည့်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါစာပေဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်ကအမှာစကားပြောကြားသည်။ စာပေဟောပြောပွဲတွင် စာကြည့် တိုက်အကြောင်းသိကောင်းစရာ ခေါင်းစဉ်ဖြင့် မြို့နယ်စာရေးအသင်းဥက္ကဋ္ဌ စာရေးဆရာ တင်တော် ကလည်းကောင်း၊ စာပေအလှ စာပေဘဝခေါင်းစဉ်ဖြင့် စာရေးဆရာမ သျှီ(အင်ကြင်း)ကလည်းကောင်း၊ စာပေကျေးဇူးခေါင်းစဉ်ဖြင့်  စာရေးဆရာကြည်သိန်းဇော်ကလည်း အသီးသီး ဟောပြောခဲ့ကြောင်း သိရသည်။

ချမ်းသာ