သတင်းများ

သနပ်ပင်မြို့နယ်၌ တိရစ္ဆာန်အစာပင် နေဗီယာမြက်စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ်ပြုလုပ်ခြင်း သင်တန်းဖွင့်လှစ်
Jun 29,2022
၂၀၂၂ ခုနှစ် တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ်ပြုလုပ်ခြင်း သင်တန်းကို ယမန်နေ့နံနက်ပိုင်း ၁၀ နာရီက ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ဖရဲကျေးရွာရှိ ဓမ္မရက္ခိတ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
အထက (ကန်သာယာ)ကျောင်း၌ ပေါက်ကွဲစေတတ်သော မိုင်းအန္တရာယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်​ရေး ​အသိပညာပေးဟောပြော
Jun 29,2022
သထုံခရိုင်၊ ဘီးလင်းမြို့နယ်၌ ပေါက်ကွဲစေတတ်သော မိုင်းအန္တရာယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်​ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀နာရီက အထက(ကန်သာယာ)ကျောင်း၊ မဟော်သဓာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် Mobile Library ကွင်းဆင်း၍ စာအုပ်စာစောင်ငှားရမ်းခြင်းများ ဆောင်ရွက်
Jun 29,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဌာနအသီးသီးရှိ ဝန်ထမ်းများအား စာအုပ်စာစောင်များ အလွယ်တကူငှားရမ်းဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က Mobile Library ကွင်းဆင်းငှာရမ်းပေးလျက်ရှိကြောင်း သိရသည်။
တွံတေးမြို့နယ် ဇီးဖြူကုန်းကျေးရွာ အနီးပတ်၀န်းကျင်ကျေးရွာများရှိ လယ်မြေများ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ပေးနေသော ပြည်သူ့အကျိုးပြု ဇီးဖြူကုန်းရေတံခါး
Jun 29,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ဇီးဖြူကုန်းကျေးရွာအနီးရှိ ကျေးရွာအနီးရှိ ဇီးဖြူကုန်းရေတံခါး တည်ဆောက်ထားသည့်အတွက်ကြောင့် မိုးရာသီတွင် တွံတေးတူးမြောင်းအတွင်း ဒီရေတက်ချိန် ပြင်ပရေများ ဇီးဖြူကုန်းကျေးရွာအနီးတဝိုက်ရှိ ကျေးရွာနေဒေသခံပြည်သူများ၏ လယ်ယာမြေများ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ပေးလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် မိုးကြိုချည်မျှင်ရှည်ဝါမျိုးစေ့ ပြန်လည်ဝယ်ယူစုဆောင်းရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ
Jun 29,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် မိုးကြိုချည်မျှင်ရှည်ဝါမျိုးစေ့ ပြန်လည်ဝယ်ယူစုဆောင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်က ခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မိတ္ထီလာတက္ကသိုလ် (၄၅)နှစ်မြောက်မွေးနေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကျင်းပ
Jun 29,2022
မိတ္ထီလာတက္ကသိုလ်၏ (၄၅)နှစ်မြောက်မွေးနေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပကြောင်း သိရသည်။
ကမမောင်းမြို့၌ ကိုဗစ်၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်ရောဂါ" ကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့် အသိပေးနှိုးဆော်
Jun 29,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အသိပညာ​ပေးနှိုးဆော်ခြင်းများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက နေ့စဉ်အရှိန်အဟုန်မပျက် နှိုးဆော်ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ရပ်ကွက်များအတွင်း လှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ အသိပေးရှင်းလင်းပွဲ ကျင်းပ
Jun 29,2022
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့် ဝန်ဆောင်မှုလုပ်ငန်းမျာနှင့် စပ်လျဉ်း၍ မီဒီယာများနှင့်တွေ့ဆုံပြီး ပြည်သူများထံသို့ အသိပေးရှင်းလင်းပွဲ (၃/၂၀၂၂) ကို ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် လေးထောင့်ကန် လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC )ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။