(၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များ လေ့ကျင့်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကြည့်ရှုအားပေး

ငပု​တော ဇွန် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်  အဖွဲ့ဝင် (၁) ဗိုလ်မှူး ဖြိုးသူရကျော်တို့သည် ယမန်နေ့ မွန်းလွဲ ၃နာရီက ငပုတောမြို့ အခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမတွင်  (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များ စခန်းသွင်း လေ့ကျင့်နေမှုများကို လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့သည် ကဗျာလွတ်အက ခရိုင်အဆင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကျောင်းသူလေးများ၏ လေ့ကျင့်နေမူများကို ကြည့်ရှုအားပေးပြီး ငပုတောမြို့နယ်  ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြိုးစားလေ့ကျင့်ဆောင်ရွက်သွားကြရန်နှင့် မြန်မာ့ရိုးရာယဉ်ကျေးမူအမွေကို အနာဂတ်လူငယ်များ သိရှိတန်ဖိုးထားတတ်စေရန်၊ ရိုးရာယဉ်ကျေးမူကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ လက်ဆင့်ကမ်း လေ့ကျင့်ပျိုးထောင်ပေးရန်” ပြောကြားခဲ့ပြီး စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်သူ(ငပုတောပြန်/ဆက်)