သတင်းများ

ကျွန်းလှမြို့နယ်၌ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာသင်ကျောင်းအား မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Feb 09,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) စာ‌သင်ကျောင်းအား ယနေ့နံနက်က မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ခန္တီးမြို့တွင် ကော်ဖီပင်ကိုင်းဖြတ်ပြုပြင်ခြင်းကွင်းသရုပ်ပြပွဲ၊ ကော်ဖီမျိုးစေ့ အစို့ဖောက်ခြင်းနှင့် ကော်ဖီစိုက်ပျိုးမှုနည်းပညာပေးသင်တန်းပြုလုပ်
Feb 09,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ကော်ဖီစိုက်တောင်သူများ ကော်ဖီစိုက်ပျိုးမှုနည်းစနစ် မှန်ကန်စေရန် ရည်ရွယ်၍ ကော်ဖီပင်ကိုင်းဖြတ်ပြုပြင်ခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် (၉:၃၀) အချိန်က ဇီးဖြူကုန်းရပ်ကွက်၊ တောင်သူ ဦးသက် နေအိမ်ရှိကော်ဖီခြံအတွင်း ပြုလုပ်ခဲ့ရာ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်မော်လွင်က ကွင်းသရုပ်ပြပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ကော်ဖီ-ရာသီသီးနှံဌာနခွဲမှ ဦးစီးအရာရှိဦးသူရိန်နိုင်က ကော်ဖီပင်ကိုင်းဖြတ် ပြုပြင်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းပြောကြားကာ ကော်ဖီပင်ကိုင်းဖြတ်ပြုပြင်ခြင်း လက်တွေ့သရုပ်ပြသခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) အ.လ.က (၁) ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Feb 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) အ.လ.က (၁) ကျောင်း ယမုံနာခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီက ကျင်းပသည်။
မြောင်းမြမြို့ အ.ထ.က (၆) တွင် လူငယ်များ ဗလငါးတန်ပြည့်စုံစေရေးအတွက် လူငယ်စကားဝိုင်း ကျင်းပ
Feb 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဗလငါးတန်နှင့် ပြည့်စုံစေရေး၊ အသိပညာဗဟုသုတတိုးပွားစေရေး၊ နှုတ်မှုစွမ်းရည်ထက်မြက်ပြီး ရဲဝံ့လိမ္မာစွာ စကားပြောဆိုနိုင်ရေး တို့အတွက် လူငယ်စကားဝိုင်းကို ယမန်နေ့မွန်လွဲ ၁ နာရီအချိန်က အမှတ် (၆) ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကန့်ဘလူမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်မာရေးစောင့်ရှေက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး
Feb 09,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများကို ဖေဖော်ဝါရီ ၇ ရက်နံနက် ၉ နာရီက ကန့်ဘလူမြို့မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်ပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲ ကျင်းပ
Feb 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲအား ယမန်နေ့ နံနက် (၁၀) ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အမာမြို့၊ လူထုအခြေပြုဗဟိုဌာနတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေး Talk Show ပြုလုပ်
Feb 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show) ကို ယမန်နေ့ နေ့လယ်(၁) နာရီ အချိန်က ပြုလုပ်ခဲ့သည်။
ဟင်္သာတမြို့နယ်၊ လူမှုအကျိုးပြု ကြီးကြပ်မှုကော်မတီ၏ဦးဆောင်မှုဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဟောပြောပွဲ ကျင်းပပြုလုပ်
Feb 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် လူမှုအကျိုးပြု ကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လည် ၁ နာရီက ဥယျာဥ်မြောက်ရပ်၊ အမှတ်(၅ ) အခြေခံပညာအထက်တန်းကျောင်း အမျိုးသားခန်းမတွင် ပြုလုပ်ခဲ့သည်။