သတင်းများ

ဒလမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အသိပညာပေး Talk Show ကျင်းပ
Feb 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး(Talk Show)အစီအစဉ်ကို ယနေ့နံနက် (၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ငါန်းဇွန်မြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Feb 09,2023
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှဦးစီးအရာရှိ ဒေါ်နေခြည်ဦးနှင့် ဝန်ထမ်းများက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ဆုံရွာကျေးရွာအုပ် ကန်ရဲကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေး၍  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
Feb 09,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျေးရွာဒေသများ ဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စစ်ကြောင်းကြီး (၅)ကြောင်းပါဝင်သည့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၁:၃၀)နာရီက ဆုံရွာကျေးရွာ အုပ်စု ကန်ရဲကျေးရွာ ရွာလယ်ရှိ ယာယီမဏ္ဍပ်မှာ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် “သတင်းစကား”လက်ကမ်းစာစောင်များဖြန့်ဝေ
Feb 09,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများထံသို့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ကျောင်းများအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး ကျိုင်းတုံတက္ကသိုလ်မှ ဆရာ၊ ဆရာမကြီးများက လာရောက်သင်ကြားပေး
Feb 09,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ကျိုင်းတုံတက္ကသိုလ်မှ ဆရာ၊ ဆရာမကြီးများက ဖေဖော်ဝါရီ ၉ ရက်တွင် မိုင်းယောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လာရောက်သင်ကြားပေးခဲ့သည်။
မုက္ကဒိကျေးရွာသံလွင်မြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၈၀ ရာခိုင်နှုန်းနှင့် ကျုံပိုက်ကျေးရွာ သံလွင်မြစ်ကမ်းပြို ကာကွယ်ရေးလုပ်ငန်း ၈၅ ရာခိုင်နှုန်းပြီးစီး
Feb 09,2023
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ မုက္ကဒိကျေးရွာနှင့် ကျုံပိုက်ကျေးရွာတို့တွင် တည်ဆောက်လျက်ရှိသောသံလွင်မြစ်ကမ်းပြိုကာကွယ် ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ အသစ်ခန့်အပ်မည့် လက်ထောက်မူလတန်းပြဆရာ၊ဆရာမများအား လုပ်ငန်းခွင်အကြိုရက်တို သင်တန်း ဆင်းပွဲပြုလုပ်
Feb 09,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌  လက်ထောက်မူလတန်းပြ အသစ်ခန့်အပ်မည့် ပြင်ပပုဂ္ဂိုလ်များ၏ လုပ်ငန်းခွင်အကြို ရက်တို သင်တန်းဆင်းပွဲကို  ဖေဖော်ဝါရီ ၆ ရက်နေ့ ညနေပိုင်းက အ.ထ.က(၁) အခြေခံ ပညာ အထက်တန်းကျောင်းတွင်ပြုလုပ်ခဲ့ကြသည်။
မိုင်းယန်းမြို့၌ ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဓါတ်ပုံနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Feb 09,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့၌ ၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဓါတ်ပုံနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပကြောင်း သိရသည်။