မော်လမြိုင်ကျွန်း ဖေဖော်ဝါရီလ ၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲအား ယမန်နေ့ နံနက် (၁၀) ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်မှ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို အမျိုးသားရေးဦးတည်ချက် (၅) ချက်နှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ဌာနဆိုင်ရာအဖွဲ့အဝင်များကို လုပ်ငန်းတာဝန်များခွဲဝေပေးကာ သက်ဆိုင်ရာဌာနများအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များညှိနှိုင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။
ရဲကိုမောင် (ပြန်/ဆက်)