ကန့်ဘလူမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်မာရေးစောင့်ရှေက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

ကန့်ဘလူ ဖေဖော်ဝါရီ ၉

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများကို ဖေဖော်ဝါရီ ၇ ရက်နံနက် ၉ နာရီက ကန့်ဘလူမြို့မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်အလေးချိန် ချိန်ခြင်း၊ အရပ် တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ဝမ်းဗိုက်စမ်းသပ်စစ်ဆေး၍ သန္ဓေသားအနေအထား မှန်ကန်မှုရှိမရှိ စစ်ဆေးခြင်း၊ ပြုပြင်ပေးခြင်း၊ HIV၊ AIDS ရောဂါနှင့်အခြားရောဂါများရှိမရှိ သွေးဖောက်စစ်ဆေးပေးခြင်း၊ လက်ရှိရောဂါဝေဒနာ ရှိမရှိမေးမြန်းပြီး အာဟာရဓာတ်ပြည့်ဝစွာ စားသုံးကြရန် မှာကြားပြီး အားဆေးများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဘက်စုံသားဖွား ဆရာမ ဒေါ်သီတာထံမှသိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)