သတင်းများ

ဒိုက်ဦးမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်  အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Feb 09,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၊ အိမ်ခြေလေးဆယ်ကျောင်း၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်  အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
ဒိုက်ဦးမြို့နယ် အိမ်ခြေလေးဆယ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Feb 09,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်(၉)နာရီက ဒိုက်ဦးမြို့နယ် အိမ်ခြေလေးဆယ်‌ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ပိ‌တောက်ဆောင်ခန်းမ၌ ကျင်းပ ပြုလုပ်သည်။
ပေါင်မြို့နယ်တွင် အသစ်ခန့် လ/ထ မူပြများလုပ်ငန်းခွင်အကြို ရက်တိုသင်တန်းဖွင့်ပွဲ
Feb 09,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အသစ်ခန့် လ/ ထ မူပြများလုပ်ငန်းခွင်အကြိုရက်တိုသင်တန်း  ဖွင့်ပွဲကို ယမန်နေ့  နံနက်ပိုင်းက အ.ထ.က ပေါင်ရွှေရတုခန်းမ၌ စတင်ဖွင့်လှစ်ခဲ့သည်။
ပွင့်ဖြူမြို့နယ် ညောင်ခြုံကျေးရွာ၌ ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်းခင်းခြင်းပြီးစီးမှု ကြည့်ရှု စစ်ဆေး
Feb 09,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်းရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် ညောင်ခြုံကျေးရွာအုပ်စု၊ ညောင်ခြုံကျေးရွာ၌ ကျေးရွာတွင်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယနေ့နံနက် ၉ နာရီက မြေပြင်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
မင်းလှ အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 09,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်ထောင်စုနေ့အကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၈ နာရီခွဲက မင်းလှအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
တနိုင်းမြို့၌ (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုပြပွဲများနှင့် ပြိုင်ပွဲများ ကျင်းပ
Feb 09,2023
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယမန်နေ့ မွန်းတည့် (၁၂) နာရီခွဲ က (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ သည်။
ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)၌ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကျင်းပ
Feb 09,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ) ဘွဲ့နှင်းသဘင်ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး ဟောပြောပွဲ ကျင်းပသည်။
ရွှေပြည်သာမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောသရုပ်ပြပွဲကျင်းပ
Feb 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောသရုပ်ပြပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။အားကစားနှင့်လူငယ်ရေးရာ အသိပညာ‌ပေးဟောပြောသရုပ်ပြပွဲတွင် ရွှေပြည်သာမြို့နယ် အားကစားမှူး ဦးဇော်ဇော်လင်းက ကျောင်းသား/ကျောင်းသူများအား အားကစားဆိုင်ရာများနှင့် လူငယ်ရေးရာများ အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ တိုက်ကွမ်ဒိုအဖွဲ့၊ Fitness Dance အဖွဲ့တို့မှ သရုပ်ပြသကြပြီး တာဝန်ရှိသူများမှ ဂုဏ်ပြုဆုငွေများ ပြန်လည်ပေးအပ်ခဲ့သည်။