သတင်းများ

နတ်မောက်မြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 10,2023
မကွေးတိုင်းဒေသကြီး၊ မ‌ကွေးခရိုင် နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)ခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
လောကသရဖူစေတီတော်မြတ်ကြီး ဌာပနာပိတ်ပွဲမင်္ဂလာအခမ်းအနားကျင်းပ
Feb 10,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဆည်ကြီးကုန်းအုပ်စု၊ ညောင်ဝိုင်းကျေးရွာ လောကသရဖူစေတီတော် မြတ်ကြီးဌာပနာပိတ်ပွဲမင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲကျင်းပ
Feb 10,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အ.မ.ကကမ်းနားကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ စားသုံးသူ‌ရေးရာဦးစီးဌာနတို့ပူးပေါင်း၍  (၇၆)နှစ်‌မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကိုကျင်းပခဲ့သည်။
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်
Feb 10,2023
ရှမ်းပြည်နယ်‌တောင်ပိုင်း၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့ရှိ မြို့မဈေးတွင် ပွင်းလင်းရာသီရောက်ရှိတော့မည်ဖြစ်သည့်အတွက် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့မှ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီတွင် မြို့မဈေးရှေ့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ်မှ သောက်ရေသန့်ထုတ်လုပ်သည့် ရေသန့်စက်ရုံများအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိ စစ်ဆေး
Feb 10,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနက မြို့သစ်မြို့၊ ကွက်သစ်ရပ်ကွက်ရှိ "သောက်ရေသန့်"ထုတ်လုပ်ရောင်းချနေသော" ရေသန့်စက်ရုံများသို့ ကွင်းဆင်း၍ လက်ရှိရောင်းချနေသော ကုန်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိတို့ကို ယမန်နေ့နေ့လည်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး အသိပညာပေးပြောကြားခဲ့သည်။
အလုံမြို့နယ်၌ “ဆေးလိပ်၊ ကွမ်းယာ ကင်းစင်ပ စာသင်​ကျောင်းကစ” ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ
Feb 10,2023
ကျောင်းသား​၊ ကျောင်းသူများ  ဆေးလိပ်၊ ကွမ်းယာ အန္တရာယ်ကို သိရှိနိုင်​စေရန်နှင့် ​ရှောင်ရှားနိုင်​စေရန်ရည်ရွယ်၍  ရန်ကုန်တိုင်း​ဒေသကြီး၊  အလုံခရိုင်၊ အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ အ​ခြေခံပညာဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာ​ရေး​ဖောင်​ဒေးရှင်းတို့ပူး​ပေါင်း၍ ယ​နေ့မွန်းလွဲ ၁ နာရီက အမှတ်(၇)အခြေခံပညာအထက်တန်း​ကျောင်း၌ “ဆေးလိပ်၊ ကွမ်းယာ ကင်းစင်ပ စာသင်​ကျောင်းကစ” ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆင်းရဲမှုလျှော့ချရေးအစီအစဉ်ဖြင့် တိုင်းရင်းကြက်မျိုး၊ အိမ်သုံးဆိုလာနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ မော်လိုက်မြို့၌ ကျင်းပ
Feb 10,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ဆင်းရဲမှုလျှော့ချရေးအစီအစဉ်ဖြင့် တိုင်းရင်းကြက်မျိုး၊ အိမ်သုံးဆိုလာနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို  မြို့နယ်အထွေထွေ အုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ကျေးလက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အမ်းမြို့နယ်၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘက်စုံသုံးခန်းမ ဖွင့်ပွဲကျင်းပ
Feb 10,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် လုံးကောက်အုပ်စုပြောင်းချောင်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီဌာနမှ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP)ထောက်ပံ့ရန်ပုံငွေနှင့် ပြည်သူထည့်ဝင်ငွေဖြင့် ဆောက်လုပ်သည့် ဘက်စုံသုံးခန်းမ ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီ အချိန်တွင် ကျင်းပခဲ့သည်။