သတင်းများ

တံတားဦးမြို့နယ်တွင်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ကလေးပြိုင်ပွဲကျင်းပ
Feb 10,2023
၂၀၂၃-ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ကလးပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
မင်းလှမြို့နယ် ညောင်ပင်ကျင်းကျေးရွာတွင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်များမှ ကွင်းဆင်းဆောင်ရွက်
Feb 10,2023
မ​ကွေးတိုင်း​ဒေသကြီး၊ သရက်ခရိုင်​၊ မင်းလှမြို့နယ်အတွင်းရှိ ​ကျေးလက်နေပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့်ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများအဖွဲ့မှ ယမန်‌နေ့နံနက်(၉)နာရီနာရီက ညောင်ပင်ကျင်းကျေးရွာသို့ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
ကံမမြို့နယ် ရေနံ့သာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ရေနံ့သာ)၌ လူငယ်စကားဝိုင်းကျင်းပ
Feb 10,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ရေနံ့သာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ရေနံ့သာ)၌ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့
လဲချားတွင်၂၀၂၃ ပညာသင်နှစ် Grade (5)/ Grade(9) စာမေးပွဲကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Feb 10,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ၂၀၂၃ ပညာသင်နှစ် စာမေးပွဲကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီ အချိန်က အ-ထ-က(လဲချား)ကျောင်းတွင် ကျင်းပခဲ့ပါသည်။
ကွမ်းခြံကုန်းမြို့နယ် အမှတ်(၁)အ-ထ-ကကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Feb 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ကျင်းပသောလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ စစ်ကြောင်း ၅ ကြောင်းဖြင့် ကွင်းဆင်းတွေ့ဆုံ
Feb 10,2023
ကန်ကြီးထောင့်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံဖြိုးရေး အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ကျူတန်း ကျေးရွာအုပ်စု၊ ကျူတန်းကျေးရွာ ဓမ္မာရုံတွင် ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အောင်လံမြို့ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Feb 10,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခြေခံပညာအထက်တန်း (သာပေါင်း)ကျောင်း၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီဆုပေးပွဲအခမ်းအနား
Feb 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)တွင် (၇၆)နှစ် မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲ နှင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က သော်ကဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။