သတင်းများ

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသား(အလွတ်တန်း) ဖူဆယ်ဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Feb 10,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့ ရပ်ကွက်(၃)ရှိ ဘောလုံးကွင်း၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသား (အလွတ်တန်း) ဖူဆယ်ဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီခန့်က ကျင်းပခဲ့သည်။
သံတောင်ကြီးဒေသထွက်ပျားရည်များ ဝယ်လိုအားကောင်း၍ ဈေးကောင်းရရှိ
Feb 10,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသအတွင်းရှိသဘာဝပျားရည်များသည် ဆေးဖက် ဝင်ပြီး လူကြိုက်များခြင်း၊ သဘာဝပျားရည်စစ်စစ်ကိုသာ ထုတ်လုပ်ရောင်းချသည့်အတွက် ယခုအချိန်တွင် သံတောင်ကြီးဒေသထွက် ပျားရည်များဝယ်လိုအား ကောင်း၍ဈေးကောင်းရရှိကြောင်း သိရသည်။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြို လက်ဝှေ့ပြိုင်ပွဲ ၊ ဆုချီးမြှင့်ပွဲ  မုံရွာမြို့၌ ကျင်းပ 
Feb 10,2023
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနက မျိုးဆက်သစ် အားကစားသမား‌ကောင်းများ ပေါ်ထွန်း လာစေရေးအတွက် ရည်ရွယ်၍ ကျင်းပသည့်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို လက်ဝှေ့ပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲ  အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီ အချိန်က တိုင်းဒေသကြီး ပြည်သူ့အားကစားကွင်းရှိ လက်ဝှေ့ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မံစီမြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကျင်းပ
Feb 10,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
ပုဏ္ဏားကျွန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုံပြောပြိုင်ပွဲကျင်းပ
Feb 10,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပုံပြောပြိုင်ပွဲကို ယမန်နေ့၊ မွန်းလွဲ(၂)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မိုးမောက်မြို့ အ.မ.က(မံပုံ-မူလွန်) ကျောင်းတွင် နယ်လှည့်အသိပညာပေး ဟောပြောပွဲကျင်းပ
Feb 10,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ အ.မ.က (မံပုံ-မူလွန်) ကျောင်း၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လွန်းနန်း ထွေးနှင့် ဝန်ထမ်းများသည် ယမန်နေ့ နံနက် ၁၀ နာရီခန့်က နယ်လှည့်အသိပညာ ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မအူပင်တက္ကသိုလ်တွင် (၇၆)နှစ်မြောက်  ပြည်ထောင်စုနေ့အကြို တိုင်းရင်းသားရိုးရာ ပဒေသာကပွဲနှင့် ဝတ်စားဆင်ယင်မှုပြပွဲ ကျင်းပ
Feb 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်တက္ကသိုလ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အကြို တိုင်းရင်းသားရိုးရာ ပဒေသာကပွဲနှင့် ဝတ်စားဆင်ယင်မှုပြပွဲကို ယမန်နေ့နံနက်ပိုင်းက မအူပင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။
ဗန်းမော်မြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်
Feb 10,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။