မြို့သစ် ဖေဖော်ဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနက မြို့သစ်မြို့၊ ကွက်သစ်ရပ်ကွက်ရှိ "သောက်ရေသန့်"ထုတ်လုပ်ရောင်းချနေသော" ရေသန့်စက်ရုံများသို့ ကွင်းဆင်း၍ လက်ရှိရောင်းချနေသော ကုန်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိတို့ကို ယမန်နေ့နေ့လည်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး အသိပညာပေးပြောကြားခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေး အသိပညာပေးဆောင်ရွက်ရာတွင် မြို့သစ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးစီးမှူး ဦးဆယ်မောင်က ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ၊ သောက်သုံးသူနှင့်ပတ်သက်ဆက်နွယ်သည့် အကြောင်းအရာများ ပြောကြားပြီး ဝန်ဆောင်မှုနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ထိခိုက်နစ်နာမှုများနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း(IPRD)