ရွှေတောင် ဖေဖော်ဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဆည်ကြီးကုန်းအုပ်စု၊ ညောင်ဝိုင်းကျေးရွာ လောကသရဖူစေတီတော် မြတ်ကြီးဌာပနာပိတ်ပွဲမင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ အ.မ.တ(၅၀၉)တပ်ရင်းမှူးဒုတိယဗိုလ်မှူးကြီးမင်းနိုင်စိုးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး သံဃာတော်များမှ မေတ္တာသုတ်တော်ဖြင့် ရွတ်ဖတ်ပူဇော်ခြင်း ဌာပနာထည့်သွင်းပူဇော်မည့်ပစ္စည်းများကို စေတီတော်အား လက်ယာရစ်(၃)ပတ်လှည့်လည်ပူဇော်၍ လောကသရဖူစေတီတော် မြတ်ကြီးဌာပနာတိုက်အတွင်းသို့ ထည့်သွင်းပူဇော်ခဲ့ကြောင်း သိရသည်။
အဆိုပါ စေတီတော်တည်ထားရန်အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ လှူဒါန်းငွေကျပ် (၁,၈၁၁,၀၀၀/-)အား စေတီတော်ဂေါပကအဖွဲ့သို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
ကိုကိုမင်း ( ပြန် / ဆက်)