စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆင်းရဲမှုလျှော့ချရေးအစီအစဉ်ဖြင့် တိုင်းရင်းကြက်မျိုး၊ အိမ်သုံးဆိုလာနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ မော်လိုက်မြို့၌ ကျင်းပ

မော်လိုက် ဖေဖော်ဝါရီ ၁၀       

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ဆင်းရဲမှုလျှော့ချရေးအစီအစဉ်ဖြင့် တိုင်းရင်းကြက်မျိုး၊ အိမ်သုံးဆိုလာနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို  မြို့နယ်အထွေထွေ အုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ကျေးလက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးအေးလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် ကျေးလက်နေပြည်သူများ ဆင်းရဲမှု လျှော့နည်းစေရန်၊ လူနေမှုဘဝ ဖွံ့ဖြိုး တိုးတက်စေရန်နှင့် ယနေ့ထောက်ပံ့ပစ္စည်းများကို စနစ်တကျ အလေးထား ဆောင်ရွက်ကြရန် စသည်ဖြင့် မှာကြားခဲ့ပါသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်အုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် ဌာနဆိုင်ရာများက မော်လိုက်မြို့နယ်အတွင်းရှိ ပြည်သူများအား အိမ်သုံးဆိုလာနှင့် ဆက်စပ် ပစ္စည်း (၁၂)စုံနှင့် တိုင်းရင်းကြက်မျိုးခြင်းများကို  ထောက်ပံ့ပေးအပ်ခဲ့ရာ တက်ရောက်လာကြသည့် ပြည်သူများက အသီးသီးလက်ခံခဲ့ကြသည်။ ထို့နောက် ပြည်သူများကိုယ်စား ခရိုင်စိုက်ပျိုးရေး ဦးစီးအရာရှိ ဦးကျော်စိန်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး တောင်ကုန်းကျေးရွာမှ ပြည်သူတစ်ဦးကလည်းယခုလို ထောက်ပံ့ပေးတာကို ကျေးဇူးတင်ရှိပါကြောင်း၊ တိုင်းရင်းကြက် ထောက်ပံ့ပေးရာမှာ ကြက်များဝယ်ယူပြီး မမွေးနိုင်သည့် အိမ်ထောင်စုများကို အဓိက ထောက်ပံ့ ပေးလို့ ပို၍ ကျေးဇူးတင်ရှိပါကြောင်း၊ မိမိအပါအဝင် ပြည်သူများအနေဖြင့် တစ်နှစ်မှာ ကြက်မ တစ်ကောင်ကို နှစ်သားခွဲလောက်ကျတာဆိုတော့ လာမယ်နှစ်မှာ အိမ်စီးပွားရေးအတွက် အထောက်အကူဖြစ်မှာမို့ သေချာဂရုစိုက်မွေးမြူသွားမှာဖြစ်ကြောင်းပြောကြားသည်။

အခမ်းအနားတွင် မော်လိုက်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ ဆင်းရဲမှု လျော့နည်း စေရန်နှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆင်းရဲမှုလျှော့ချရေးအစီအစဉ်ဖြင့် အိမ်သုံး ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ (၁၂) စုံ၊ အိမ်ထောင်စုတစ်စုလျှင် တိုင်းရင်းကြက်မျိုး အထီး() ကောင်နှင့် အမ()ကောင် စုစုပေါင်း ကြက်ကောင်ရေ ()ကောင်နှုန်းဖြင့် မြိုနယ်အတွင်းရှိ အိမ်ထောင်စု စုစုပေါင်း(၁၈၀) စုအတွက် ကြက်ကောင်ရေ (၉၀)ကောင်တို့ကို ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်