သတင်းများ

နမ့်ဆန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူပေါင်း၍ လူငယ်စကားဝိုင်းပြုလုပ်
Feb 10,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူပေါင်း၍ လူငယ်စကားဝိုင်းကို အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က-ခွဲ)၌ ယနေ့နံနက်(၉)အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။ 
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးကြီးဌာန ဒုတိယ၀န်ကြီးနှင့်အဖွဲ့ စဉ့်ကိုင်မြို့နယ်ပုလဲအမှတ်(၈) သမဝါယမ အသင်းစုပိုင်ဆန်စက်အား ကြည့်ရှုစစ်ဆေး
Feb 10,2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ အုန်းပင်ခြံကျေးရွာအုပ်စု၊  ပုလဲအမှတ်(၈) သမဝါယမအသင်းစုပိုင်ဆန်စက်အား ယနေ့နံနက် ၉ နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကလေးခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ၇၆ နှစ်မြောက်ပြည်ထောင်စုနေ့ အကြိုစာစီစာကုံးပြိုင်ပွဲကျင်းပ
Feb 10,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Commynity Centre)တွင် ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ကျောင်းသား/သူများ၏ ပြည်ထောင်စုနေ့အကြောင်း စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
မိုးညိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်
Feb 10,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့၀င်တို့ပူးပေါင်း၍ စာရေးဆရာလူထုစိန်ဝင်း၏ "ပထမတန်းစားစိတ်ဓာတ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ( ၂)နာရီက ပြုလုပ်ခဲ့သည်။
ဖောင်းပြင်မြို့နယ်၌ ပဲစိုက်တောင်သူများ ယခုနှစ်ဈေးကောင်းရရှိ
Feb 10,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်မှ တောင်သူများအနေဖြင့် ယခုနှစ်ဆောင်းသီးနှံများ ရိတ်သိမ်းရချိန်တွင် ပဲအမျိုးမျိုးမှာ ယခင်နှစ်များထက် ဈေးပိုရသဖြင့် ပဲစိုက်တောင်သူများ အဆင်ပြေကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကာနကျေးရွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Feb 10,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကာနကျေးရွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီ က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲဆောင်ရွက်
Feb 10,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့တွင် ယနေ့နံနက်(၉)နာရီအချိန်က (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းခုတ်မြို့၌ လားဟူရှည်(ခ)လားဟူဝါ လူမျိုးများ၏ ရိုးရာနှစ်သစ်ကူးပွဲတော် ပထမအကြိမ် စုပေါင်းကျင်းပ
Feb 10,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ဝမ်ကောင်းကျေးရွာအုပ်စုအတွင်းရှိ ပါမူကျေးရွာ၊ မာမူအဲကျေးရွာ၊ ဟားကွယ်ကျေးရွာနှင့် နားခိုကျေးရွာများမှ လားဟူရှည်(ခ)လားဟူဝါ လူမျိုး များ၏ ရိုးရာနှစ်သစ်ကူးပွဲတော်(ပထမအကြိမ်)ကို ယမန်နေ့ နံနက်ပိုင်းက ဝမ်ကောင်းကျေးရွာရှိ ခန်းမဆောင်၌ စုပေါင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။