ကလေး ဖေဖော်ဝါရီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Commynity Centre)တွင် ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ကျောင်းသား/သူများ၏ ပြည်ထောင်စုနေ့အကြောင်း စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က ကျောင်းသားလူငယ်များကို ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံကို သိရှိစေရန်၊ လွတ်လပ်ရေး ရရှိရန်ကြိုးပမ်းခဲ့ကြပုံများ၊ ပြည်ထောင်စုနေ့ ဦးတည်ချက်များနှင့် ကာကွယ်စောင့်ရှောက်ကြရန်တို့ကို ပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းသား/သူများမှ ပြည်ထောင်စုနေ့အကြောင်း စာစီစာကုံးပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများအတွက် ဆုများနှင့် လက်ဆောင်ပစ္စည်းများကို လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ခရိုင်(ပြန်/ဆက်)