မိုးညိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်

မိုးညို ဖေဖော်ဝါရ ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့၀င်တို့ပူးပေါင်း၍ စာရေးဆရာလူထုစိန်ဝင်း၏ "ပထမတန်းစားစိတ်ဓာတ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ( ၂)နာရီက ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် (Book Club) အဖွဲ့ဝင်ဦးမြင့်စိန်က" ပန်းတိုင်နှင့်ကျွမ်းကျင်မှု"၊ (Book  Club) အဖွဲ့ဝင်ဦးစံလင်းက "အောင်မြင်မှုနှင့်စွမ်းဆောင်မှု" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်စန္ဒာလင်း ဦးစီးအရာရှိက "ဘာကြောင့်လူဖြစ်နေတာလဲ" ခေါင်းစဉ်ဖြင့် ဖတ်ကြားဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသောအဖွဲ့ဝင်များနှင့် ဝန်ထမ်းများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ၌ လစဉ်ပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ အသိပညာပေး (Talk Show) အစီစဉ်များ၊ နေ့ကြီးရက်ကြီးများတွင် နံရံကပ်၊ စာအုပ်၊ စာစောင်ပြပွဲများအား ပြည်သူများ သိရှိနိုင်ရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုမင်း (ပြန်/ ဆက်)