သံတောင်ကြီးမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲဆောင်ရွက်

သံတောင်ကြီး ဖေဖော်ဝါရီ ၁၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့တွင် ယနေ့နံနက်(၉)နာရီအချိန်က (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတောင်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ၁၂-၂၂၀၂၂ တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင်ပြောကြားသည့်မိန့်ခွန်း၊ ၂၀-၁-၁၉၄၆ ရက်နေ့တွင်ကျင်းပသော ဖစပလ အဖွဲ့ကြီး၏ ပထမအကြိမ် ကွန်ကရက်တွင် ဗိုလ်ချုပ်အောင်ဆန်းပြောကြားသည့် မိန့်ခွန်းကောက်နှုတ်ချက်၊ ပြည်ထောင်စုစိတ်ဓာတ်နှင့် သွေးစည်းညီညွှတ်မှု၊ ပင်လုံညီလာခံတွင်လက်မှတ်ရေးထိုးခဲ့သည့် ဗိုလ်ချုပ်အောင်းဆန်းနှင့် ကိုယ်စားလှည်တော်ကြီးများ၏ မှတ်တမ်းဓာတ်ပုံများ စသည့်အကြောင်းအရာများ ပြသဆောင်ရွက်ရာ ဒေသခံပြည်သူများ ကျောင်းသူ ကျောင်းသားများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နော်နော်မူ