သတင်းများ

စုကလိမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ
Feb 10,2023
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ရုံးအနေဖြင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူထုအခြေပြုဗဟိုဌာန (Community Center) တွင် ယနေ့နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ပန်တောင်းမြို့နယ်တွင်  မူကြိုကလေးငယ်များအားကစားပြိုင်ပွဲကျင်းပ၍ အာဟာရတိုက်ကျွေး
Feb 10,2023
(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောက်ပန်းတောင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးအဖွဲ့တို့ ပူးပေါင်း၍ မူကြိုကလေးငယ်များ အားကစားပြိုင်ပွဲနှင့် နွားနို့ဆန်ပြုတ် အဟာရတိုက်ကျွေးခြင်းများကို၊ ဖေဖော်ဝါရီ(၁၀)ရက်နေ့ နံနက်(၁၀)နာရီက ဈေးကွက်သစ်ရပ်ကွက်ရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဖွင့်လှစ်ထားသည့် မူကြိုကျောင်း တွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။
မိုင်းငေါ့မြို့ အခြေခံပညာကျောင်းများမှ မူလတန်းကလေးငယ်များအား ဗီတာမင်အေတိုက်ကျွေး
Feb 10,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ အခြေခံပညာကျောင်းများရှိ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများအား ဗီတာမင်အေတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မော်လမြိုင်မြို့နယ်၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပပြုလုပ်
Feb 10,2023
မွန်ပြည်နယ် မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အမှတ်၅ အခြေခံပညာအလယ်တန်းကျောင်းတို့ ပူးပေါင်း၍(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့်ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက မော်လမြိုင်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community centerခန်းမ၌ ကျင်းပ ပြုလုပ်သည်။
မြစ်သားမြို.နယ်တွင် mobile  library စနစ်ဖြင့် စာဖတ်ပရိသတ်များ လက်ဝယ်အရောက် စာအုပ်စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်းပေး
Feb 10,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ စာဖတ်ရှိန် မြှင့်တင်ရေးအတွက် mobile library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီကမြစ်သားမြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနရုံးရှိ ဝန်ထမ်းများဖြစ်သည့် စာဖတ်ပရိသတ်များ လက်ဝယ်အရောက် စာအုပ်စာစောင်များ အခမဲ့‌ငှားရမ်းပေးခဲ့ကြောင်း သိရသည်။   
၂၀၂၂-၂၀၂၃ခုနှစ် ဆောင်းနေကြာသီးနှံစိုက်ပျိုးထုတ်လုပ်မှု ကွင်းသရုပ်ပြပွဲ ဂွမြို့နယ်တွင် ကျင်းပ
Feb 10,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်ရှိ ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာဖြစ်သည့် ရဟိုင်ကွင်းကျေးရွာတွင် ၂၀၂၂-၂၀၂၃ခုနှစ် ဆောင်းနေကြာသီးနှံစိုက်ပျိုးထုတ်လုပ်မှု ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ကလိန်အောင်မြို့တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 10,2023
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို တနင်္သာရီတိုင်း‌ဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ည‌နေ့ပိုင်းက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး နိုင်ငံ့ချစ်စိတ်မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာစေရန်အတွက် ရည်ရွယ်၍ အခြေခံပညာ အထက်တန်း‌ကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့​သည်။
ကဝမြို့နယ်တွင် စာမေးပွဲကြီးကြပ်ရေးသင်တန်းဖွင့်လှစ်
Feb 10,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် အခြေခံပညာဦးစီးဌာနမှ Grade-5/ Grade-9 စာမေးပွဲကြီးကြပ်ရေးသင်တန်းကို ယနေ့နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း(ကဝ) ဆရာကျော့ခန်းမ၌ ကျင်းပခဲ့သည်။