နမ့်ဆန် ဖေဖော်ဝါရီ ၁၀
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူပေါင်း၍ လူငယ်စကားဝိုင်းကို အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က-ခွဲ)၌ ယနေ့နံနက်(၉)အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အခြေခံပညာကျောင်းအ.ထ.က(ခွဲ)ဘုရားကြီး ကျောင်းအုပ်ဆရာမကြီး ကိုယ် စားဒေါ်ခင်ညွှန့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်မှ အခမ်းအနားကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားဆက်လက်ကျင်းပရာ Grade-10 ကျောင်းသား မောင်ဇင်ယော်ထွန်းမှ “လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade-8 ကျောင်းသူ မဖြိုးသန္တအောင်မှ “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade_7 ကျောင်းသား မောင်ရဲထက်ညီညီမှ “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့် လည်ကောင်း Grade-9 ကျောင်းသူ မစန်းမြတ်ထွန်းမှ “စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားပါ” ခေါင်းစဉ်ဖြင့်လည်ကောင်းအသီးသီး ဆွေးနွေးခဲ့ကြပြီး လူငယ်စကားဝိုင်းသို့ တက် ရောက်လာကြသော ကျောင်းသား/သူ လေးများနှင့် အပြန်အလှန်အကြံပြု ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းမှ နိဂုံချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမ ကြီးဒေါ်လှိုင်လှိုင်ကျော်နှင့် ဆရာ/မ များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းနှင့်ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်း သူစုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)