မိုင်းငေါ့မြို့ အခြေခံပညာကျောင်းများမှ မူလတန်းကလေးငယ်များအား ဗီတာမင်အေတိုက်ကျွေး

မိုင်းငေါ့ ဖေဖော်ဝါရီ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ အခြေခံပညာကျောင်းများရှိ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများအား ဗီတာမင်အေတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် တိုက်နယ်ကျန်းမာရေးဌာနမှ ဆရာမဒေါ်နန်းခင်မျိုးဦးက ဗီတာမင်အေချို့တဲ့လျှင် ကြက်မျက်သင့်ရောဂါ၊ မျက်မြေးခြောက်ရောဂါ၊ မျက်သားခြောက်သွေ့ခြင်း၊ အခြားမျက်လုံးရောဂါများနှင့် ကလေးသူငယ်များတွင် ကြီးထွားမှုနှောင့်နှေးခြင်းများဖြစ်‌စေတတ်ကြောင်း ပြောကြားခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများက အ.ထ.က၊ အ.မ.က(တာလုံ)၊ အ.မ.က(မန်လုံ)၊ အ.မ.က(ကွန်ကောက်) ကျောင်းများသို့ သွားရောက်၍ မူလတန်းအဆင့်ကျောင်းသား/သူလေးငယ်များအား ဗီတာမင်အေတိုက်‌ကျွေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မြင့်သွယ်(ပြန်/ဆက်)