ကဝ ဖေဖော်ဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် အခြေခံပညာဦးစီးဌာနမှ Grade-5/ Grade-9 စာမေးပွဲကြီးကြပ်ရေးသင်တန်းကို ယနေ့နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း(ကဝ) ဆရာကျော့ခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူး ဦးလင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် စာမေးပွဲအတွက် ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများအတွက် စာဖြေခန်းထားရှိမှု၊ ကျန်းမာရေးဆောင်ရွက်ထားရှိမှု၊ အဖြေလွှာများစစ်ဆေးခြင်းတို့နှင့် ပတ်သက်သည်များကို အကျယ်တဝင့် ရှင်းလင်းမှာကြားခဲ့သည်။
အဆိုပါသင်တန်းတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းဌေးက သင်တန်းနည်းပြအဖြစ်ဆောင်ရွက်ပြီး၊ ကဝမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်းနှင့် မူလတန်းကျောင်းများမှ စာမေးပွဲ ကြီးကြပ်ရေး ဆရာ/ ဆရာမ (၈၈)ဦးတက်ရောက်ပြီး သင်တန်းကာလမှာ တစ်နေ့တာဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)