မြစ်သားမြို.နယ်တွင် mobile  library စနစ်ဖြင့် စာဖတ်ပရိသတ်များ လက်ဝယ်အရောက် စာအုပ်စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်းပေး

မြစ်သား  ဖေဖော်ဝါရီ  ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ စာဖတ်ရှိန် မြှင့်တင်ရေးအတွက် mobile library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီကမြစ်သားမြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနရုံးရှိ ဝန်ထမ်းများဖြစ်သည့် စာဖတ်ပရိသတ်များ လက်ဝယ်အရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။   

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ လာရောက်ငှားရမ်းရန် အခက်အခဲရှိနေသည့်စာဖတ်ပရိသတ်များအတွက်  စာပေဖတ်ရှုမှုအဆင်ပြေစေရန်၊ အသိပညာ ဗဟုသုတများ တိုးပွားစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်နှင့် စာဖတ်ရှိန် မြှင့်တင်ရေးရည်ရွယ်ကာ သုတ/ရသ စာအုပ်များကို မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် စာဖတ်ပရိသတ်များ  လက်ဝယ်အရောက် လစဉ်ငှားရမ်းပေးခဲ့ရာ ယခင်ငှားရမ်းပေးခဲ့သော စာအုပ်များအား ပြန်လည်သိမ်းဆည်းပြီး ယခုလရောက်ရှိသော စာအုပ်စာစောင်အသစ်များ ထပ်မံငှားရမ်းပေးခဲ့ကြောင်း သိရသည်။

သီတာအောင်(မြစ်သား)