စုကလိ ဖေဖော်ဝါရီ ၁၀
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ရုံးအနေဖြင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူထုအခြေပြုဗဟိုဌာန (Community Center) တွင် ယနေ့နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြု့ရုံးမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ပိုပိုအောင်က မြန်မာနိုင်ငံ၏ နေ့ထူးရက်မြတ်တစ်ရက်ဖြစ်သည့် ပြည်ထောင်စုနေ့ပေါ်ပေါက်လာပုံသမိုင်းကြောင်း ပင်လုံစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သူများ မြန်မာပြည်၏ လွတ်လပ်ရေးအစစ်အမှန်အတွက် အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား မျိုးချစ်ခေါင်းဆောင်များအကြောင်း ရုပ်သံကျွမ်းကျင်-၃(အင်အားပြ) ဦးကိုကိုအောင်က မြန်မာ့လွတ်လပ်ရေးအတွက်အရေးပါသည့် ပင်လုံစာချုပ်အတွက် တောင်တန်းဒေသနှင့်ပြည်မပေါင်းစည်းရေး ကြိုးပမ်းကြပုံများ မျိုးချစ်စိတ်ဓာတ်အရင်းခံ၍ ပြည်ထောင်စုဖြစ်ပေါ်လာပြီး ပြည်ထောင်စုစိတ်ဓာတ်သည်သာ မလွဲမသေအောင်မြင်နိုင်မည်ဖြစ်ကြောင်းတို့ကို အပြန်အလှန်ဆွေးနွေးပေးခဲ့သည်။
အဆိုပါ အသိပညာပေး Talk show အား We Love Sukali Page တွင် အချိန်နှင့်တပြေးညီ တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပိုပိုအောင်