(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ပန်တောင်းမြို့နယ်တွင်  မူကြိုကလေးငယ်များအားကစားပြိုင်ပွဲကျင်းပ၍ အာဟာရတိုက်ကျွေး

ကျောက်ပန်းတောင်း   ဖေဖော်ဝါရီ   ၁၀

(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောက်ပန်းတောင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးအဖွဲ့တို့ ပူးပေါင်း၍ မူကြိုကလေးငယ်များ အားကစားပြိုင်ပွဲနှင့် နွားနို့ဆန်ပြုတ် အာဟာရတိုက်ကျွေးခြင်းများကို၊ ယနေ့နံနက်(၁၀)နာရီက ဈေးကွက်သစ်ရပ်ကွက်ရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဖွင့်လှစ်ထားသည့် မူကြိုကျောင်းတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။

အားကစားပြိုင်ပွဲများတွင် ဖိနပ်စီးအပြေးပြိုင်ပွဲ၊ ဘောလုံးကောက်အပြေးပြိုင်ပွဲများကို ကလေးများ ပျော်ရွှင်စေရန်နှင့်အားကစားအလေ့ အကျင့်ကောင်းများရရှိစေရန် ကျင်းပပေးခဲ့ပြီး၊ ဆုရရှိကြသူများကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေနှင့် အမျိုးသမီးရေးရာအဖွဲ့ တာဝန်ရှိသူတို့က ဆုများပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး၊ မူကြိုကလေးငယ်များအား နွားနို့ဆန်ပြုတ်တိုက်ကျွေး၍  ဖီးကြမ်းငှက်ပျောသီးနှင့် ကိတ်မုန့်များ ဝေငှပေးခဲ့ကြသည်။

အဆိုပါ မူကြိုကလေးငယ်များအားကစားပြိုင်ပွဲနှင့် အာဟာရကျွေးမွေးပွဲသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မူကြို ကျောင်းတာဝန်ခံဆရာမနှင့် ပြိုင်ပွဲဝင်မူကြို ကလေးငယ်(၁၂)ဦးနှင့် မိဘများ စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ကြောင်းသိရပြီး၊ ပြိုင်ပွဲဆုရကလေးငယ်များအား လက်ကိုင်ခြင်းနှင့် ထမင်းချိုင့်များ ပေးအပ်ခဲ့ကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)