မော်လမြိုင်မြို့နယ်၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပပြုလုပ်

မော်လမြိုင် ဖေဖော်ဝါရီ ၁၀

မွန်ပြည်နယ် မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အမှတ်၅ အခြေခံပညာအလယ်တန်းကျောင်းတို့ ပူးပေါင်း၍(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့်ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက မော်လမြိုင်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community centerခန်းမ၌ ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အမှတ်၅ အခြေခံပညာအလယ်တန်းကျောင်းမှ  ကျောင်းသား၊ ကျောင်းသူလေးများက စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီဆွဲပြိုင်ပွဲ၊ ညဏ်စမ်း ပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်၍ မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသော နံရံကပ် စာစောင်နှင့် စာအုပ်စာပေများကို ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာ၍ ပြည်ထောင်စုနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ ဆက်)