ရန်ကင်းမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးသတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Feb 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ ပြည်သူများနှင့် ကျောင်သား/သူများ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကိုကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်နိုင်စေရေန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကားမှတ်တိုင်များ၊ ဆိုက်ကားဂိတ်များနှင့် လူစည်ကားရာနေရာများတွင် မိမိတို့ဌာနမှ ထုတ်ဝေသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များကို ပြည်သူများနှင့် ကျောင်းသား/သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြသည်။